လူကြီးမင်းရဲ့အိပ်မက်ကိုကျွန်ုပ်တို့နဲ့အတူ

အကောင်အထည်ဖော်လိုက်ပါ

Digital Engineering Tech Ltd နှင့် Innovatic IoT House Co.,Ltd , မှ ကျွန်ုပ်တို့၏ IoT ထုတ်ကုန်များသည် ခေတ်မီနည်းပညာကို လက်တွေ့အသုံးချမှုများနှင့် ပေါင်းစပ်ထားပြီး၊ သင်၏လုပ်ငန်းအတွက် ချိတ်ဆက်မှုကို မြှင့်တင်ပေးကာ၊ လုပ်ငန်းဆောင်တာများကို အကောင်းဆုံးဖြစ်စေပြီး၊ အချက်အလက်အပေါ်အခြေခံသော ဆုံးဖြတ်ချက်များကို တွန်းအားပေးသည့် စမတ်ကျပြီး တိုးချဲ့နိုင်သော ဖြေရှင်းနည်းများကို ပေးအပ်ပါသည်။


 ဆက်သွယ်ရန် 



အချိန်နှင့်တစ်ပြေးညီစီမံခန့်ခွဲနိုင်သော စက်သုံးဆီဆိုင်ရာထိန်းချုပ်မှုစနစ်


ကျွန်ုပ်တို့၏အမှတ်သင်္ကေတထုတ်ကုန်

 
   
Real-Time Fuel Station Management System ဆိုသည်မှာ Wireless Network System ကို အခြေခံထားပြီး လူကြီးမင်းတို့၏ Fuel Dispenser များနှင့် ချိတ်ဆက်ကာ Nozzle များကို ထိန်းချုပ်ခြင်းများ၊ Nozzle တစ်ခုချင်းစီ၏ အချက်အလက်များကို တိုက်ရိုက်ကြည့်ရှုခြင်းများ၊ အချက်အလက်များကို စီမံခန့်ခွဲခြင်းတို့ကို တိကျလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ဤစနစ်ကို အသုံးပြုခြင်းဖြင့် လူကြီးမင်းတို့၏ ဆီဆိုင်များတွင် တစ်နေ့တာ၊ တစ်ပါတ်တာ၊ တစ်လတာ ဆီအရောင်းစာရင်းအသေးစိတ်အချက်အလက်များ အလွယ်တကူ ကြည့်ရှုနိုင်ခြင်း၊ ဆီအမျိုးအစား တစ်ခုချင်းအလိုက်၊ ဆီဂေါက် တစ်ခုချင်းအလိုက်၊ ယာဥ်အမျိုးအစား တစ်ခုချင်းစီအလိုက် အ‌သေးစိတ်ရှာဖွေကြည့်ရှုနိုင်ခြင်း၊ ဆီအမျိုးအစားအလိုက် ဆီလက်ကျန်စာရင်းများနှင့် ဆီအဝင်မှတ်တမ်းတို့ကိုလည်း ကြည့်ရှုစစ်ဆေးနိုင်ခြင်း၊ နေ့စဥ်ပြောင်းလဲနေသော ဆီစျေးနှုန်းများကို စက်သုံးဆီ အမျိုးအစားအလိုက် အလွယ်တကူ ပြောင်းလဲနိုင်ခြင်းတို့ဖြစ်ပါသည်။


 

Customers များ၏အနှစ်သက်ဆုံး Product တစ်ခု

ယုံကြည်စိတ်ချရ၍  အောင်မြင်မှုအတွက် တည်ဆောက်ထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ Customer များမှနှစ်သက်သကဲ့သို့ လူကြီးမင်းလည်း နှစ်သက်လိမ့်မည်ဟုအာမခံပါသည်။

 

ကုန်ကျစရိတ်သက်သာခြင်း

အသုံးစရိတ်လျှော့ချ၍ အကျိုးအမြတ်များရယူလိုက်ပါ။

2+

လောင်စာဆီဆိုင်ရာ စီမံခန့်ခွဲမှုအတွေ့အကြုံသက်တမ်းနှစ်

မြန်မာ့ပထမဆုံး Wireless စက်သုံးဆီဆိုင်ရာစနစ်အား စွန့်ဦးတီထွင်နိုင်ခဲ့သကဲ့သို့ လူကြီးမင်း၏ တီထွင်ဆန်းသစ်မှုနှင့် အောင်မြင်မှုအတွက် ပထမဆုံးမိတ်ဖက်ဖြစ်ပါရစေ။

30+ 

ဆီဆိုင်များ၏ယုံကြည်မှုကိုရရှိထားခြင်း

ကျွန်ုပ်တို့၏မိတ်ဖက်များနှင့်ယုံကြည်မှုနှင့်အနာဂါတ်ကိုအတူတည်ဆောက်ထားနိုင်ခြင်း။

ဆီစက်များအား အချိန်နှင့်တပြေးညီ ထိန်းချုပ်နိုင်သော ကြိုးမဲ့ Dongle

   Wireless Dongle သည် Digital Engineering Tech Ltd ၏ မြန်မာနိုင်ငံမှ ပညာရှင်များကိုယ်တိုင် Design ရေးဆွဲထုတ်လုပ်ထားပြီး POS Server နှင့် ကြိုးမဲ့ နည်းပညာဖြင့် ချိတ်ဆက်၍ Dispenser အသုံးပြုမှုကို ထိန်းချုပ်ခြင်း၊ အချက်အလက်များ ရယူခြင်း၊ သတ်မှတ်တ စျေးနှုန်းပြောင်းလဲခြင်း စသော လုပ်ငန်းဆောင်တာများကို ကြားခံ ဆောင်ရွက်ပေးမည့် Communication Controller ဖြစ်ပါသည်။

   Wireless Dongle ကို Nozzle အရေအတွက် (၁)ခုမှ (၈)အထိ ပါရှိသော Dong Hwa Prime, Tatsuno, HongYang, Red Star အစရှိသော Fuel Dispenser များတွင် အသုံးပြုနိုင်ပါသည်။

ဆီစက်များအား အချိန်နှင့်တပြေးညီ ထိန်းချုပ်နိုင်သော ကြိုးမဲ့ Dongle

       Wireless Dongle သည် Digital Engineering Tech Ltd ၏ မြန်မာနိုင်ငံမှ ပညာရှင်များကိုယ်တိုင် Design ရေးဆွဲထုတ်လုပ်ထားပြီး POS Server နှင့် ကြိုးမဲ့ နည်းပညာဖြင့် ချိတ်ဆက်၍ Dispenser အသုံးပြုမှုကို ထိန်းချုပ်ခြင်း၊ အချက်အလက်များ ရယူခြင်း၊ သတ်မှတ်တ စျေးနှုန်းပြောင်းလဲခြင်း စသော လုပ်ငန်းဆောင်တာများကို ကြားခံ ဆောင်ရွက်ပေးမည့် Communication Controller ဖြစ်ပါသည်။

   Wireless Dongle ကို Nozzle အရေအတွက် (၁)ခုမှ (၈)အထိ ပါရှိသော Dong Hwa Prime, Tatsuno, HongYang, Red Star အစရှိသော Fuel Dispenser များတွင် အသုံးပြုနိုင်ပါသည်။

ဆီဆိုင်ဆိုင်ရာ စီမံခန့်ခွဲမှုများအတွက် ဆန်းသစ်တီထွင်ထားသော Touch Controller

   Touch Controller သည် Digital Engineering Tech Ltd ၏ မြန်မာနိုင်ငံမှ ပညာရှင်များကိုယ်တိုင် တီထွင်ထုတ်လုပ်ထားပြီး Key Card အသုံးပြု၍ Dispenser အသုံးပြုမှုကို ထိန်းချုပ်နိုင်ခြင်း၊ Preset ပြုလုပ်ခြင်း၊ ယာဥ်အမှတ်၊ ယာဥ်အမျိုးအစား၊ Payment Type။ Member Card စသော အချက်အလက်များ ထည့်သွင်းခြင်း စသည်တို့ကို Touch Screen မှ ထိန်းချုပ်နိုင်ပါသည်။

   Touch Controller သည် Nozzle (8)ခုပါသော Dispenser (1)လုံးကို ထိန်းချုပ်နိုင်ပြီး အချက်အလက်များ ရယူခြင်း၊ ပေးပို့ခြင်း စသည်တို့ကို POS Server နှင့် ကြိုးမဲ့ချိတ်ဆက်၍ လုပ်ဆောင်ပေးသော Smart Controller အမျိုးအစားဖြစ်ပါသည်။

အချိန်နှင့်တပြေးညီ ဒေတာနှင့် အစီရင်ခံစာဆိုင်ရာ စီမံခန့်ခွဲမှုအတွက် Cloud Service

    Cloud Service သည် Internet မှ တဆင့် Website တွင် စာရင်းများကို ကြည့်ရှုခြင်း၊ အချက်အလက်များ ရယူခြင်းနှင့် စာရင်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပံ့ပိုးပေးထားခြင်း ဖြစ်ပါသည်။ ယခုအချိန်တွင် Report များနှင့် Real-Time စနစ်တိကျ မှန်ကန်စေရေးအတွက် ဦးစားပေးဆောင်ရွက်နေပြီး အသုံးပြုမှု အဆင်ပြေလွယ်ကူစေရန် ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

   Support Software Update များတွင် ဆီဆိုင်ရှိ Sixth Kendra FMS နှင့် ချိတ်ဆက်ထားသော Dispenser များ၏ Nozzle များကို ထိန်းချုပ်ခြင်းနှင့် သတ်မှတ် ဆီစျေးနှုန်းများကို ပြောင်းလဲခြင်းများ၊ ကျော်လွန်ရောင်းအားများကို အသိပေးခြင်းစသော စနစ်များကို အခမဲ့ အဆင့်ဆင့် ထပ်မံ ထည့်သွင်းပေးမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ထင်ရှားသောထုတ်ကုန်များ

Laser Security Alert System

   The Laser Security Alert System is a remarkable security solution that effectively safeguards your business, territory, and industrial zones against intruders. This advanced security system utilizes laser technology to detect any suspicious activity and is primarily deployed in expansive industrial and commercial areas. the system operates by generating a laser beam equipped with high-tech sensors that can sense the slightest movements within the designated perimeter. As soon as an object or an intruder crosses the specified boundary, the laser beam immediately triggers an alarm system, alerts the authorities of the security breach, and sends out an SMS notification to the users. 

Smart Farm System

   Smart Farm System သည် လယ်ယာမြေများ၊ စိုက်ပျိုးရေးမြေကွက်များနှင့် သီးသန့်စိုက်ပျိုးထားသော စိုက်ခင်းဧရိယာများတွင်အသုံးပြုသော နည်းစနစ်တစ်ခုဖြစ်ပါသည်။ သူ၏လုပ်ဆောင်ချက်များမှာ- မြေဆီလွှာအစိုဓာတ်လိုအပ်နှုန်း၊ အပူချိန်လိုအပ်မှု၊ သဘာဝမြေဆီအာဟာရလိုအပ်ချက်များ၊ အခန်းတွင်းလေဝင်လေထွက်နှုန်း၊ အလင်းရောင်ရရှိမှုနှုန်းများကို ချိန်ညှိပေးပြီး အချိန်နှင့်တပြေးညီ လိုအပ်ချက်များကို လူများမှလုပ်ဆောင်ရန်မလိုဘဲ စက်ကိရိယာများက အချိန်နှင့်တပြေးညီ လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။ ဤစနစ်ကိုအသုံးပြုခြင်းအားဖြင့် မိမိတို့အသီးအနှံများစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ သီးနှံထွက်နှုန်းတိုးတက်မှုများကို မြှင့်တင်ပေး၍ အကုန်အကျစရိတ်များမှုများနှင့် ရေသုံးစွဲမှုများကိုလျှော့ချပေးပြီး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအသုံးပြုမှုနည်းပါးလာစေခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။  

Automatic Hand Wash System

   Automatic Hand Wash ဆိုသည်မှာ ဆပ်ပြာ၊ ရေနှင့် လက်သန့်ဆေးများကို ထိတွေ့မှုမရှိဘဲ Sensor စနစ်ဖြင့် အလိုအလျောက် လက်ဆေးသည့်စနစ်ဖြစ်ပါသည်။ ဤနည်းပညာကို ဆေးရုံများ၊ ကျောင်းများ၊ အချို့သောအစိုးရဌာနအဆောက်ဦးများနှင့် လိုအပ်သောနေရာများသို့ လှူဒါန်းရန်အတွက် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

Smart Room System

     Smart Room Controller ဆိုသည်မှာ သုံးစွဲသူများအား အကောင်းမွန်ဆုံးနှင့် အံ့ဩစရာကောင်းသော ဇိမ်ခံမှုများကိုပေးစွမ်းနိုင်သည့် ခေတ်မီဆန်းသစ်သည့် နောက်ဆုံးပေါ်ထုတ်ကုန်တစ်ခုဖြစ်ပါသည်။ အသုံးပြုသူများသည် Single Controller တစ်ခုတည်းဖြင့် အခန်းတစ်ခုလုံးရှိ Television, Air Conditioner, Lighting Socket စသည့်စက်ပစ္စည်းကိရိယာများကို ထိန်းချုပ်မှုများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

Automatic Tank Gauge System

   ATG ဆိုသည်မှာ ဆီကန်မှာရှိသည့် ဆီပမာဏကို အလိုအလျှောက် တိုင်းတာသည့်စနစ်ဖြစ်ပါသည်။ ဆီကန်အတွင်းရှိ ဆီပမာဏ၊ ရေပါဝင်မှု၊ ဆီကန်၏အပူချိန်နှင့် ဆီအဝင်အထွက်စာရင်းများကို လအလိုက်၊ နှစ်အလိုက် ကြည့်ရှုနိုင်ခြင်း၊ Internet မှလည်း ATG System ကို အချိန်မရွေး အသေးစိတ်ကြည့်ရှုနိုင်ခြင်း၊ အချိန်နှင့်အမျှ ဆီလက်ခံမှု၊ ဆီလက်ကျန်၊ ဆီလေလွင့်မှုနှင့် ဆီယိုစိမ့်မှုများကို အချိန်နှင့်တပြေးညီ တိုင်းတာနိုင်သည့် ATG System ဖြစ်ပါသည်။ 

Smart Water System

   Smart Water Controller ဆိုသည်မှာ Cloud-based Application မှတစ်ဆင့် အိမ် (သို့) အဆောက်အဦးများတွင် ရေစုပ်စက်များကို စောင့်ကြည့်ထိန်းချုပ်ပြီး ရေအသုံးပြုမှုကို ထိန်းညှိပေးနိုင်သည့် ခေတ်မီအဆင့်မြင့်သော စက်ကိရိယာတစ်ခုဖြစ်ပါသည်။ ယုံကြည်စိတ်ချရပြီး နောက်ဆုံးပေါ် Sensor စနစ်များကို ထည့်သွင်းထားခြင်းကြောင့် ရေစုပ်စက် (၂) လုံးအထိ ထိန်းချုပ်နိုင်ပြီး တခြားသော လျှပ်စစ်ကာကွယ်ရေးလုပ်ဆောင်ချက်များကိုလည်း လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ဤခေတ်မီနည်းပညာစနစ်ကိုအသုံးပြုခြင်းအားဖြင့် ရေအသုံးပြုမှုကို အလေအလွင့်မဖြစ်စေရန်အတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ပါသည်။